Air Con oယ်မယ်ဆို သိထားသင့်တဲ့ အချက်များ
1.British Thermal Unit (Btu)
Air Con တစ်လုံးရဲ့  အေးနိုင်စွမ်းကို Btu နဲ့ တိုင်းတာပါတယ်။
Btu များလာတဲ့အလျောက် သူ့ရဲ့ဈေးနှုန်းကလဲလိုက်ပြီး များလာမှာပါ။
အများစု သိထားကြတယ့် horsepower(hp) မြင်းကောင်ရေအား က တကယ်တမ်းတော့ အရေးမပါပါဘူး။
Horsepower (hp) က အအေးနှုန်းကို တိုင်းတဲ့ unit မဟုတ်ပါဘူး ။
Horsepower(hp) ဘယ်နကောင်ရှိတဲ့ Air Con မှာ Btu ဘယ်လောက်ထွက်လဲဆိုတာ Brand အလိုက် Model အလိုက် သတ်မှတ်ပုံ ကွဲပြားနိုင်ပါတယ်။
မိမိအခန်းအတွက် လိုအပ်တဲ့ Btu ကို အကြမ်းဖျင်းတွက်ကြည့်နိုင်ပါတယ်။
မိမိ သုံးမယ့်အခန်းရဲ့ အလျား x အနံ square foot ကို 35 နဲ့ မြှောက်ပါ။ ရလာတဲ့အဖြေက မိမိ အခန်းအတွက် လိုအပ်တဲ့ Btu ပါပဲ။
ဥပမာ 12 ပေx 15 ပေ အခန်းဆိုရင် square foot က 180 ပါ။ 180 x 35 = 6300 Btu လိုအပ်ပါတယ်။
အရိပ်ကျတဲ့အခန်းမှာဆို ရလာတဲ့ Btu ကို 10% နှုတ်ပါ။
နေရောင်တိုက်ရိုက်ကျတဲ့ အခန်းမှာဆို ရလာတဲ့ Btu ကို 10% ထပ်ပေါင်းပေးပါ။
မီးဖိုချောင်မှာ သုံးမယ်ဆိုရင် ရလာတဲ့ Btu ကို 4000 ထပ်ပေါင်းပေးပါ။
အခန်းထဲမှာ လူ ၁ ယောက်ထပ် ပိုနေမယ်ဆိုရင် အခန်းဧရိယာအတွက် တွက်ထားတဲ့ Btu အပြင် လူတစ်ဦးအတွက်ကို 600 Btu စီ ထပ်ပေါင်းပေးပါ။
2. Energy Efficiency Ratio(EER)
EER ဆိုတာ Btu per hour ကို input Watt(W) နဲ့ စားထားတဲ့ အချိုးပါ။
EER များတဲ့ Air Con တွေက ရေရှည်မှာ မီတာခ ကုန်ကျစရိတ် သက်သာပါတယ်။
EER များလာရင် Air Con ဈေးလဲ လိုက်များလာပါတယ်။
Air Con အများစုကတော့ EER 8.9 ကနေ 10.7 ကြားမှာ ရှိကြပါတယ်။
Inverter type တွေမှာဆို EER 12 ကနေ15 ဝန်းကျင် ရှိကြပါတယ်။
24 နာရီ 7 ရက်လုံး ဆက်တိုက် အချိန်ကြာကြာ သုံးရမယ့်နေရာမျိုးမှာဆို EER မြင့်တဲ့ Air Con ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
3. Air Flow Rate
အတွင်း unit က ထွက်တဲ့ လေထွက်နှုန်း ကို cubic meter per hour (m³/h) နဲ့ တိုင်းတာပါတယ်။ လေထွက်နှုန်းများလေ အအေးမြန်လေပါ။
Toshiba ၁ကောင် air con မှာ 540m³/h
Toshiba ၁ကောင်ခွဲ air con မှာ 600m³/h
Toshiba ၂ကောင် air con မှာ 900m³/h
Toshiba ၃ကောင် air con မှာ 1100m³/h ထွက်ရှိပါတယ်။
4. Noise
ဆူညံမှုဆိုတဲ့နေရာမှာ split type မှာဆိုရင် အတွင်း unit နဲ့ အပြင် unit ရဲ့ ဆူညံမှုဆိုပြီး ၂ မျိုး ရှိပါတယ်။
အတွင်း unit ရဲ့ ပန်ကာက တော်တော်ဆူညံနေတယ်ဆိုရင် သင်ညအိပ်ရင် အနှောင့်အယှက် ဖြစ်နေမှာပါ။
အပြင် unit ကလည်း ပြတင်းပေါက်နဲ့ နီးပြီး အသံကျယ်နေမယ်ဆိုရင် အတွင်းကပင် ဆူညံသံကို ကြားနေရနိုင်ပါတယ်။
ဆူညံမှုကို decibel (dB) နဲ့ တိုင်းတာပါတယ်။ dB နည်းလေ အသံတိုးလေပါ။
5. Copper Pipe Quality
Air Con မှာ outdoor unit ထဲမှာရော Indoor unit ထဲမှာရော ၂ခုကို ဆက်ပေးထားတဲ့ ပိုက်မှာရော ကြေးနီကို အသုံးပြုရပါတယ်။ တကယ်လို့ သုံးထားတဲ့ ကြေးနီက မစစ်ရင်တော့ Compressor နဲ့ Condensor ဘယ်လောက်ကောင်းကောင်း full quality အအေးကို မရရှိနိုင်ပါဘူး။ တစ်ချို့ Air Con တွေမှာ ကြေး (100%) အစား အလူမီနီယမ် (100%) သို့မဟုတ် အလူမီနီယမ် ကြေး နှစ်မျိုး ရောစပ်ပြီး သုံးထားပါတယ်။ ကုန်ကြမ်းဝယ်စရိတ်မှာ ကြေးက ၂ဆ ပိုကုန်ကျပါတယ်။ နောက်ပြီး ကြေးက အလူမီနီယမ်ထက် ပွတ်တိုက်စားနှုန်း ပိုခံနိုင်ပါတယ်။ အပူချိန် ပြောင်းလဲပေးတဲ့ အမြန်နှုန်းမှာလဲ ကြေးက ၂ဆ ပိုမြန်စွာ ပြောင်းလဲ ပေးနိုင်ပါတယ်။
-ကြေးပိုက်ဈေးနှုန်းကလဲ ၁ ကောင် Air Con မှာ တစ်ပေ 1100 ကျပ် original ( ဖော့စွပ်မှာ ဆက်ရာကွဲရာမပါ) ရှိပါတယ်။ ၁.၅ကောင် Air Con မှာ တစ်ပေ 1500 ကျပ် original (ဖော့စွပ်မှာ ဆက်ရာကွဲရာမပါ) ပဲ ရှိပါတယ်။
6. ကြေးပိုက် ဖော့စွပ်
Outdoor နဲ့ Indoor unit ကို ဆက်ပေးတဲ့ ကြေးပိုက်ကို စွပ်တဲ့ ဖော့စွပ်က original စွပ်ပြီးသားမှ အအေးလုံမှာပါ။ ပိုက်သပ်သပ်ဝယ် ဖော့စွပ် သပ်သပ်ဝယ်ပြီး ဖော့စွပ်ကို ထက်ခြမ်းအလျားလိုက် အစဆုံး လှီးပြီးမှ ဖော့စွပ်ထဲ ကြေးပိုက် ထည့်တာက အအေးဓာတ် ကို လျော့ကျစေတဲ့အပြင် ပိုက်မှာလဲ ရေယိုစေပါတယ်။ အတွင်းမှာလဲ condensation အရည်တွေခဲသွားပြီး အအေးဓာတ် လျော့ကျစေတတ်ပါတယ်။
ဒါကြောင့် Air Con ဘယ်လောက်ကောင်းတာပဲ ၀ယ်ဝယ် ကြေးပိုက် စနစ်မှာ ချို့ ယွင်းနေရင်တော့ အလကားဖြစ်သွားမှာပါ။
Carrier အမှတ်တံဆိပ် 3phase စနစ်သုံး Floor Standing Type နှင့် Floor/Ceiling Type များလည်း ၀ယ်ယူရရှိနိုင်ပါတယ်။
Yangon Phone No. 01- 392502, 392503, 373162.
Mandalay Phone No. 02- 31673, 36271, 36209.
Inverter Type နဲ့ Non-Inverter Type ရဲ့ ကွာခြားချက်ကို သိချင်ရင် ဒီ link မှာ ဖတ်ရှုနိုင်ပါတယ်
https://www.facebook.com/toshibamyanmar/photos/a.304949402990520.1073741829.302946253190835/308680722617388
ANET.MYANMAR
Monday, November 3, 2014
1GB MEMORY CARD နဲ့ Drive များကို 2GB သို့ ပြောင်းနည်း
1GB Memory Card နဲ့ Pen Drive များကို 2GB ပြောင်းလို့ရတယ်ဆိုတာ စာဖတ်သူတို့ ယုံပါသလား။ တကယ်ပြောင်းလို့ရပါတယ်။ ဒါက ဒီလို ရှိပါ တယ်။
Memory Card နဲ့ Pen Drive ထုတ်သူများ အသုံးပြုတဲ့ Chip အတော်တော် များများ အနည်းဆုံး 2GB သိုလှောင်သိမ်းဆည်းနိုင်ကြ ပါတယ်။ ဒီတော့ 1GB ကဒ်ထုတ်ဖို့အတွက်ဆိုရင် သီးသန့် Chip မထုတ် လုပ်တော့ပါဘူး။ လွယ်လွယ်နဲ့ အချိန်ကုန်သက
်သာ၊ ဈေးသက်သာအောင် 2GB ဆံ့တဲ့ Chip ကိုပဲ 1GB နဲ့ ထွက်လာအောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီတော့ Space တွေက ပိုနေပါတယ်။ အားလုံး ကို မဆိုလိုပါ။ အချို့ အချို့ သာ ဖြစ်ပါတယ်။ ဒီမှာ တစ်ခုသတိထား ရမှာက 1GB ကဒ်ဆိုလို 975 MB ထက်တော့ နည်းလို့မရပါဘူး။ 957 MB နဲ့ 975 MB အထက် 1GB ကဒ်များ ကို 2GB အထိ ပြန်လည်တိုးမြင့်နိုင်ပါတယ်။ 2GB ကဒ်များကို 3GB တိုးတာ မျိုးတော့ ဒီ Trick ကအသုံးဝင်မှာ မဟုတ်ပါဘူး။
လုပ်ကြည့်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုရင် အောက်ပါ အဆင့်အတိုင်းသွားနိုင်ပါပြီ။ မလုပ်ခင် ကဒ်ထဲမှာ သိမ်းဆည်း ထားတဲ့ မိမိရဲ့  Data များကို အခြား တစ်နေရာရာမှာ ပြန်လည် သိမ်းဆည်း Back up လုပ်ထားဖို့တော့လို အပ်ပါတယ်။ ဒီ trick မှာ Format ချတဲ့အဆင့် ပါဝင်လို့ ဖြစ်ပါတယ်။
ပထမအကြိမ်စမ်းကြည့်လို့ မရဘူးဆိုရင် ထပ်မလုပ်စေလိုပါ။ သူက Cheap / Low Branded Devices တွေမှာသာ အလုပ်လုပ်တဲ့ နည်းလမ်းမို့ ဖြစ်ပါ တယ်။
၁။ အောက်ပါ လခ့်တွင် rater ဆော့ဖ်ဝဲ ဒေါင်းလုခ်ဆွဲပါ။
http://www.techday.in/wp-content/uploads/2012/04/techday_rater_techday.zip
၂။ ကွန်ပျူတာသို့ Install လုပ်လိုက်ပါ။
၃။ ယင်း Zip ဖိုင်ကို Extract လုပ်ပြီး echday_rater.exe ကို run ပေးရပါမယ်။
၎။ run ပြီးပြီဆိုရင် မိမိ ပြောင်းလဲလိုတဲ့ 1GB Memory card နဲ့ Stick ကို USB ပေါက်မှ ထိုးရပါမယ်။ SD card မျိုးဆိုရင်တော့ ကွန်ပျူတာမှာဆို ကြားမှာ Card Reader နဲ့အသုံးပြုနိုင်ပါတယ်။ လပ်တော့ဆိုရင်တော့ SD card slot ပါဝင်တတ်ပါတယ်။ ဘာမှ ခေါင်းမရှုပ်ပါနဲ့။ သာမန် SD Card သို့မဟုတ် Pen Drive ကို ကွန်ပျူတာထဲ ထိုးလိုက်တာပဲ ဖြစ်ပါတယ်။
၅။ ကိုယ် Run ထားတဲ့ ဆော့ဖ်ဝဲ မှာ ရွေးစရာ ပေါ်လာပါပြီ။ မိမိထိုးလိုက်တဲ့ device ကိုရွေးချယ်ပေးရပါမယ်။ ဥပမာ- F: စတာမျိုး ဖြစ်ပါတယ်။
၆။ Fix ဆိုတဲ့ Button ကိုရွေးချယ်ရပါမယ်။
၇။ techday_rater.exe က Format ချမချ မေးပါလိမ့်မယ်။ အဲ့ကျ့ရင် Yes ကိုနှိပ်လိုက်ပါ။
၈။ ဒါဆိုရင် ပြီးပါပြီ။ မိမိထိုးထားတဲ့ ကဒ် / Pen drive ကို ဖြုတ်ပြီး ပြန်လည် စစ်ဆေးနိုင်ပါပြီ။ Properties ဝင်စစ်တဲ့အခါ 1GB ကနေ 2GB ကိုပြောင်းသွားမှာ ဖြစ်ပါတယ်။ 975 MB ထက်နဲ့တဲ့ Device ကိုသွားစမ်းမိရင်တော့ 2GB လို့ဖော်ပြပေမယ့် တကယ် 2GB မပြည့်ပါဘူး။ အရင်အတိုင်းပဲ ဖြစ်ပါတယ်။
စာဖတ်သူတို့ စမ်းကြည့်လို့ အဆင်ပြေတာ မျော်လင့်ပါတယ်.

Facebook Account Hack နည်း
အရင် ဆုံး Facebook – Browser ကို သွားပါ
ဘာမှ မရေးနဲ. sing in ၀င် တဲ.အောက်က Forget Password ကိုနှိပ်လိုက်ပါ အဲမှာ Email ဖြည့်မလား၊ User name နဲ့ Friend name ဖြည့်မလားဆိုတာ ပေါ်လာပါတယ်။ ဒါကိုတော့ ကိုယ် ဟက်ချင်တဲ့ အကောင့်ရဲ့  ဂျီတော့ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ပြီးတော့ Search လုပ်လိုက်တာနဲ့ အဲဒီအကောင့်ပေါ်လာပါပြီ။ဒါသင့်အကောင့်လားလို့ မေးပါတယ်။ ဒီတော့ လဲ ဗျာ Yes , This is my account ဆိုတာလေးကို ရွေးချယ်ပေးလိုက်ပေါ. လေ ပြီးရင်တော. Pasword ပြန် rest လုပ်မလားလို့ မေးပါတယ်။ အဲမှာတော. ကျန်တော် က I have on longer use this account ဆိုတာကို ရွေးလိုက်တယ် ပြီးရင်တော.email address ကို ဖြည့်လိုက်ပေါ Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ အီးမေး မှ ဖြစ်မှာပါ နော်ကျွန်တော်က ဂျီတော့ အကောင့် အီးမေးလ်နဲ့ ဝင်လိုက်ပါတယ်။ကိုယ်က အီးမေးလ်ထည့်ပေမယ့် အီးမေးလ်ဆီကို Facebook ကစာပို. မှာ မဟုတ်ဘူးဆိုတာတော. သိထားပါ ။ နောက်တဆင်.ကတော. ကျလာတဲ့ Page ကတော့ Google အကောင့်ပြီး အကောင့်ပြန်ယူမလား၊ ထည့်ထားရင်းဆွဲ အီးမေးလ်ဆီကိုပဲ Code ပို့မလားလို့ မေးပါတယ်။ အဲမှာတော.ထုံးစံအတိုင်းပေါ. ရွေးချယ်ရမှာက google အကောင့်သုံးမယ်ဆိုတဲ့ User google account ဆိုတာကိုရွေးလိုက်ပါ နောက်ထပ်ကျလာတဲ့ Box က New email ဖြည်.ဖို.ပေးလာပါလိမ်.မယ်
နောက်တစ်ဆင့်က
Security Question ဖြည့်ဖို့ပဲ ဖြစ်ပါတယ်။ ဒီ Layer တစ်ခုပဲ Facebook က ကောင်းကောင်းကာကွယ်ပေးထားပါတယ်။ကဲ စမ်းသပ်ကြည်.ရအောင်
Security Question ဖြေရပါတော.မယ် သူမွေးတဲ. နေရပ် ကိုေ ပးထားပါတယ် ။အဲ အဆင်. နဲ.တင် အကောင်. က ကိုယ်လက်ထဲကို ရောက်နေပြီ ပြီးရင်တော. password အသစ် ရိုက်ခိုင်းပါလိမ်.မယ်
ပြီးရင်တော. ၂၄ နာရီအတွင်း အကောင်.ကို ပြန်လာဖွင်.ခိုင်းပါလိမ်.မယ် အကောင်.ကိုတော. Lock ချထားလိုက်တာပေါ. ၂၄ နာရီလည်းပြည့်တဲ့အခါ စောစောက ကိုယ်ပြောင်းထားတဲ. password နဲ.၀င်လိုက်ပါ။
အဲဒီ့ Account ကို သင်ပိုင်သွားပြီ။
မှတ်ချက် နည်းပညာ သဘောအဖြစ်တင်ပေးခြင်းဖြစ်ပါသည်။
သူခိုး ဓါးရိုး ကမ်းခြင်းမဟုတ်ပါ။

Sunday, December 2, 2012
မင်္ဂလာပါ.......
ကျွန်တော့ ဘလော့သို့ လာရောက် ကြည့်ရှုသူများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။
လိုင်းကောင်းရင် ကောင်းသလို နည်းပညာနှင့်ပက်သက်ပြီး ကျွန်တော်သိသလောက် တက်သလောက် မျှဝေပေးသွားမှာပါ။

Subscribe to:
Posts (Atom)